ပျော်ဘွယ် နိုဝင်ဘာ ၁၇
ပျော်ဘွယ်မြို့နယ်၊ အားကစားနှင့်ကာယပညာကော်မတီမှ ကြီးမှူးကျင်းပသည့် မြို့နယ်အတွင်းအလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်အားကစားကွင်းတွင်ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဗိုလ်လုပွဲအဖြစ် အောင်ကမ္ဘာအသင်းနှင့် ယင်းတော်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ယင်းတော်အသင်းက (၄)ဂိုး (၂)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲကိုကျင်းပရာ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးလွင်နှင့်အဖွဲ့ဝင်များက အကောင်းဆုံး တစ်ဦးချင်းဆုများအား ပထမ၊ ဒုတိယ၊ တတိယ ရရှိသောအသင်းများကို ဆုဖလားနှင့်ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)