မဟာအောင်မြေ နိုဝင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မန္တလေးမြို့ ပညာရေးဒီဂရီကောလိပ်၌ ပညာရေးဘွဲ့ (B.Ed) စာပေးစာယူ (၄/၂၀၂၃) ပထမနှစ်နှင့် (၂/၂၀၂၂) ဒုတိယနှစ်စာမေးပွဲများကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကောလိပ်ရှိ စာသင်ခန်းမများ၌ ဆက်လက်ကျင်းပပြုလုပ်ရာ သင်တန်းသား/ သင်တန်းသူများမှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
အဆိုပါ ပညာရေးဘွဲ့(B.Ed) စာပေးစာယူ ပထမနှစ်စာမေးပွဲကို သင်တန်းသား/သင်တန်းသူ (၆၀၈) ဦးတို့မှ ဝင်ရောက် ဖြေဆိုလျက်ရှိပြီး ၁၃-၁၁-၂၀၂၃ ရက်နေ့မှ ၁၅-၁၁-၂၀၂၃ရက်နေ့အထိ ဘာသာရပ်အသီးသီးဖြေဆိုခဲ့ကြပြီး ယမန်နေ့နံနက်ပိုင်းက methodology ဘာသာရပ်များဖြေဆိုလျက်ရှိပြီး ၁၇-၁၁-၂၀၂၃ ရက်နေ့တွင်တွင် မ-၁၀၀၁ (EC)/ELT-1001(CE)/Math -1001(CE)/ phys -1001(CE)/chem -1001(CE)/Bio -1001(CE)/Geog -1001(CE)/+Geog -1002(CE)/Hist-1001(CE)/ECO -1001(CE)/ Academic subject(Any one) ဘာသာရပ်အား ဖြေဆိုပြီးစီးမည်ဖြစ်ကြောင်းနှင့် ဒုတိယနှစ်စာမေးပွဲများကိုလည်း သင်တန်းသား/ သင်တန်းသူ (၈၂၀) ဦးတို့မှ ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ၁၃-၁၁-၂၀၂၃ ရက်နေ့မှ ၁၅-၁၁-၂၀၂၃ ရက်နေ့အထိ ဘာသာရပ်အသီးသီး ဖြေဆိုခဲ့ကြပြီး ယမန်နေ့နံနက်ပိုင်းက methodology ဘာသာရပ်များဖြေဆိုလျက်ရှိပြီး ၁၇-၁၁-၂၀၂၃ ရက်နေ့တွင် မ-၂၀၀၁(EC)/ ELT-2001(CE)/Math -2001(CE)/phys -2001(CE)/chem -2001(CE)/Bio -2001(CE)/Geog -2001(CE)/+Geog -2002(CE)/Hist-2001(CE)/ECO -2001(CE)/ Academic subject(Any one) ဘာသာရပ်အား ဖြေဆိုပြီးစီးမည်ဖြစ်ကြောင်း၊ ဝင်ရောက် ဖြေဆိုကြသော သင်တန်းသား/သူများမှာ စိတ်အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်းနှင့် စာမေးပွဲဖြေဆိုရက်များကို နိုဝင်ဘာလ(၁၃) ရက်နေ့မှ(၁၇)ရက်နေ့အထိ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
အောင်ဇော်မင်း