ကျိုက်ထို နိုဝင်ဘာ ၁၇
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက (Biometric Data) အချက်အလက်စာရင်းကောက်ယူခြင်းနှင့် (Unique ID) ထုတ်ပေးခြင်း လုပ်ငန်းများကို အမှတ်(၁) အခြေခံပညာမူလတန်း (လွန်) ကံ့ကော်ကျောင်း တွင် ယမန်နေ့ နံနက် ၁၀ နာရီ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက (Biometric Data) အချက်အလက်စာရင်းကောက်ယူခြင်းနှင့် (Unique ID) ထုတ်ပေးခြင်းလုပ်ငန်းများကို အမှတ်(၁)အခြေခံပညာမူလတန်း (လွန်) ကံ့ကော်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၅၀) ဦးအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စာရင်းကောက်ယူရာတွင် ကျောင်းသား၊ ကျောင်းသူများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ယူဆောင်လာစေပြီး (Biometric) ဆိုင်ရာ အချက်အလက်များစာရင်းကောက်ယူ၍ (Database)တွင် သိမ်းဆည်းကာ ဂဏန်း (၁၀) လုံးပါဝင်သည့် Unique ID နံပါတ်ပါ ကတ်ပြားများကို နေ့ချင်းအပြီး ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဝင်းမောင်