မိုင်းတုံ နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနရှိ (Community Centre) ခန်းမတွင် စာရေးဆရာ မောင်မင်းစိုး၏ “မအောင်မြင်ခြင်းရဲ့ဇာစ်မြစ်များ” စာအုပ်ကို ယနေ့ နံနက် ၁၁နာရီ ၃၀မိနစ်အချိန်က စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်က စာဖတ်ဝိုင်းပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း( Young Club)အဖွဲ့ဝင် မနန်းခမ်းမို့က ဦးဆောင်၍ “လူငယ်တွေသည် အောင်မြင်ကျော်ကြားဖို့ဆိုရင် မိမိတို့ကိုယ်တိုင် တိကျမှန်ကန်သော ရည်မှန်းချက်နှင့် စီမံကိန်းအစီအစဉ် ရေးဆွဲပြီး လုပ်သင့်ပါတယ်”နှင့်ပတ်သက်ပြီး အကျယ်တဝင့် ဆွေးနွေးပြီးနောက် ဒီစာအုပ်သည် လူငယ်အများစု လေ့လာဖတ်ရူ့သင့်သော ပညာပေးစာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်း အကြံပြုခဲ့သည်။ ဆက်လက်၍ ကျန်(Young Club))အဖွဲ့ဝင်များက စာရေးဆရာ မောင်မင်းစိုး၏ “မအောင်မြင်ခြင်းရဲ့ဇာစ်မြစ်များ” စာအုပ်ကို အပြန်အလှန် ဆွေးနွေးပေးခဲ့ကြကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)