သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်-မန္တလေး၌ Smart Practice Room ဖွင့်လှစ်ခြင်းနှင့် ဟောပြောပွဲ ပြုလုပ်

မန္တလေး နိုဝင်ဘာ ၁၆

သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်-မန္တလေးနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ Seoul National University တို့သည် LUPIC (Leading University Project For International Cooperation ) ကို ၂၀၁၉ ခုနှစ်မှ စတင်၍ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဘွဲ့ကြိုကျောင်းသား/သူများ၏ လက်တွေ့သင်ကြားရေးတွင် အထောက်အကူဖြစ်စေရန် လူပုံစံရုပ်တူ (Maniken) ၆၀ ခု ပါရှိသော Smart Practice Room ကို ယမန်နေ့က သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်-မန္တလေး၌ ဖွင့်လှစ်သည်။

အဆိုပါအခန်းတွင် ရိုက်ကူးရေးကင်မရာ၊ တီဗွီမော်နီတာ၊ မိုက်ခရိုဖုန်းနှင့် စပီကာများ တပ်ဆင်ထားပြီး ဆရာ/မများက Demonstration လုပ်ပြသည်များကို ကျောင်းသား/သူများက အချိန်နှင့်တပြေးညီ ကြည့်ရှုသင်ကြားနိုင်မည်ဖြစ်သည်။

ထို့နောက် Seoul National University, School of Dentistry, သွားညှိကုပညာဌာနမှ Professor Dr.Sug Joon Ahn သည် သွားညှိကုပညာရပ်တွင် ခေတ်စားလျက်ရှိသော (Invisalign) နှင့် ပတ်သက်၍ ဘွဲ့လွန်ကျောင်းသား/သူများကို ဟောပြောပို့ချကြောင်း သတင်းရသည်။

၀၉၃(ပြန်/ဆက်)