မိုင်းယန်းမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်

မိုင်းယန်း နိုဝင်ဘာ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ လူငယ်များနှင့် ကျောင်းသား/ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန်အတွက် နိုဝင်ဘာ ၁၆ ရက်မွန်းလွဲ ၁ နာရီက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားထားသော “လူငယ်နှင့်အခွင့်အလမ်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့်စပ်လျဉ်း၍ ကျောင်းသား/ကျောင်းသူများအား စာဖတ်ခြင်းဖြင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများနှင့် အမှား၊ အမှန်ကောင်းကျိုး၊ ဆိုးကျိုးများကို ဉပမာ၊ သာဓကများပေး၍ အသိပညာပေးရှင်းလင်းဟောပြောပြီး “လူငယ်နှင့်အခွင့်အလမ်း” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးသည်။ ဆက်လက်၍ Book club အသင်းဝင် မပန်းအိဖြူက “အဆိုးနဲ့အကောင်း” ခေါင်းစဉ်ဖြင့် မိမိစိတ်ကို ဖြူစင်သန့်ရှင်းအပြစ်ကင်းအောင် ပြုမူနေထိုင်သင့်ပုံများကိုလည်းကောင်း၊  Book club အသင်းဝင် မောင်ကြယ်စင်မင်းက “လူ့တန်ဖိုး” ခေါင်းစဉ်ဖြင့် မိဘ၊ ဆွေမျိုး၊ လူမျိုးကောင်းကျိုးများကို သယ်ပိုးဆောင်ရွက်သင့်ပုံ စသည့်အတွေးအမြင်များ၊ အကြောင်းအရာများဖြင့် ချပြဆွေးနွေးခြင်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် ကျောင်းသား/ကျောင်သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ကို ပြသရာ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး