ရန်ကုန် နိုဝင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် စပါးခြွေ့လှေ့စက် (၄) စီး၊ နေရောင်ခြည်စွမ်းအင်သုံး (Mobile Solar) ရေတင်စက် ၁ ခု၊ စပါးမျိုးစေ့ချကိရိယာ (Seeder) အလက် (၁၀၀)ခု၊ စိုက်ပျိုးစရိတ်ချေးငွေနှင့် သီးနှံမျိုးစေ့များ လွှဲပြောင်းပေးအပ်ပွဲ "အခမ်းအနားကို နိုဝင်ဘာ ၁၅ ရက် နံနက်ပိုင်းက လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။
ဦးစွာ လှည်းကူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးဌာနဆိုင်ရာများဖြစ်သည့် စက်မှုလယ်ယာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ဆည် မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတို့မှ တိုင်းဦးစီးမှူးများက လုပ်ငန်းကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က တောင်သူများအား စိုက်ပျိုးရေးလုပ်ငန်းတွင် အသုံးပြုရန် စိုက်ပျိုးရေးချေးငွေနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရိတ်သိမ်းခြွေ့လှေ့စက် Kubota ၄ စီး၊ မျိုးစေ့ချကိရိယာ (Seeder) ၁၀၀ ခု၊ နွေစပါးစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သန်း (၃၀၀) တို့နှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကို ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ချေးငွေရယူလိုသူတောင်သူများထံ ပေးအပ်သည်။ ဆက်လက်၍ သီးထပ်စွမ်းအားပြည့်ရေး သီးနှံမျိုးစေ့များကို တိုင်းဒေသကြီး ဝန်ကြီးများက တောင်သူများထံ ပေးအပ်ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် သနပ်ပြင်ကျေးရွာတောင်သူ ဦးချစ်ဟန်၏ မိုးစပါးစံကွက်အား ရိတ်သိမ်းနေမှု၊ မျိုးစေ့ချကိရိယာ (Seeder) များဖြင့် နွေစပါးတိုက်ရိုက်အစေ့ချစိုက်ပျိုးနေမှုနှင့် MobileSolar ဖြင့် ရေမောင်းနှင်မှုသရုပ်ပြခြင်းတို့ကို ကြည့်ရူအားပေးပြီး တောင်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး (ပြန်/ဆက်)