မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အသိပညာ​ပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာ​စောင်ပြပွဲ ကျင်းပ

မိုင်းခုတ် နိုဝင်ဘာ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ ယနေ့နေ့လည်(၁၂:၁၀) နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သီတာအေးက လူကုန်ကူးမှုအန္တရာယ်အကြောင်းအရာများကို ဟောပြော​ပြီး​နောက် တက်ရောက်လာသော​ ကျောင်းသား/သူများက ပြန်​ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ ပြသထား​သော အသိပညာပေး စာအုပ်စာစောင်များနှင့် လူကုန်းကူးမှုအန္တရာယ် အသိပညာပေးအကြောင်းအရာနှင့် သက်ငယ်မုဒိမ်းမှုကင်းစင်ရေး ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ရန် အသိပညာပေးအကြောင်းအရာများပါသည့် နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

သီတာအေး(ပြန်/ဆက်)