မြောက်ဥက္ကလာပမြို့နယ် အ.ထ.က (၄) ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

မြောက်ဥက္ကလာပ နိုဝင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် လူငယ်များ၊ အသိပညာစွမ်းအား၊ အတတ်ပညာစွမ်းအား၊ အတွေးအခေါ်စွမ်းအားများပြည့်ဝစေပြီး စာဖတ်ခြင်းဖြင့် အသိပညာ ဗဟုသုတများနှင့်ပြည့်စုံစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်၊ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း ရတနာခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြောက်ဥက္ကလာပမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြမြဝင်းက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍လူငယ်စကားဝိုင်းစတင်ခဲ့ရာ Moderator အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြောက်ဥက္ကလာပမြို့နယ်ရုံးမှဦးစီးအရာရှိ ဒေါ်မြမြဝင်းနှင့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်ဇင်မာလွင်တို့ကဆောင်ရွက်ခဲ့ပြီး  လူငယ်နှင့်စာရိတ္တခေါင်းစဥ်ဖြင့် မနွေးစန္ဒီအောင်ကလည်းကောင်း၊  လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့် မောင်အောင်ကိုမြတ်ကလည်းကောင်း၊ လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဥ်ဖြင့် မပပအောင်ကလည်းကောင်း၊ လူငယ်နှင့်နည်းပညာ ခေါင်းစဥ်ဖြင့် မောင်မင်းဟိန်းခန့်ကလည်းကောင်း၊ လူငယ်နှင့်မူးယစ်ဆေး ခေါင်းစဥ်ဖြင့် မသဇင်မိုးကလည်းကောင်း၊ လူငယ်နှင့်စာပေခေါင်းစဥ်ဖြင့် မနဒီလှိုင်ကလည်းကောင်း  ကျောင်းသား၊ ကျောင်းသူ(၆)ဦးက ခေါင်းစဉ်ပါ အကြောင်းအရာများကို ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများက သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးခဲ့သည်။

ထို့နောက် ပါဝင်ဆွေးနွေးပေးကြသော ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ၊ အ.ထ.က(၄)ကျောင်းမှ တာဝန်ခံဆရာမတို့က အမှတ်တရလက်ဆောင်များချီးမြှင့်ခဲ့ပြီး အ.ထ.က(၄)ကျောင်းမှ တာဝန်ခံဆရာမဒေါ်သန်းသန်းဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း  သိရသည်။

အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ()ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း(၂၅၀)ဦးခန့်တက်ရောက်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော  လူကုန်ကူးမှုအန္တရာယ်အသိပညာ‌ပေး၊ အမျိုးသမီးအကြမ်းဖက်မှုနှင့် မှုခင်းကာကွယ်‌ရေးအတွက် အမျိုးသမီးများသိသင့်‌သော ဥပ‌ဒေများအကြောင်း၊ ကလေးအလုပ်သမားပ‌ပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ၊ရသစာအုပ်များကို တက်ရောက်လာကြသောကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)