ပင်လုံမြို့ အမှတ် (၂) ရပ်ကွက်နေပြည်သူများ၏ မိသားစုဝင်များအား ဇီဝဆိုင်ရာအချက်အလက်များ ကွင်းဆင်းကောက်ယူ

ပင်လုံ နိုဝင်ဘာ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပင်လုံမြို့ အမှတ် (၂) ရပ်ကွက်နေပြည်သူများ၏ မိသားစုဝင်များအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် လွိုင်လင်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မှ ဒု-လဝကမှူး ဦးနေဇင်လတ်နှင့် ဝန်ထမ်းများမှ ပင်လုံမြို့အမှတ် (၂) ရပ်ကွက်ရှိ  မိသားစုဝင်တစ်ဦးချင်းစီ၏ ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူ၍ QR Code ပါပြီး ဂဏန်း ၁၀ လုံးပါသည့် Unique ID နံပါတ်စာရွက်များ ထုတ်ပေးနေမှုအခြေအနေအား အမှတ် (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များက လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါဆောင်ရွက်မှုကို ပင်လုံမြို့ အမှတ် (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင်  Biometric Data ကောက်ယူခြင်းလုပ်ငန်းအား ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရပါသည်။

မြို့နယ်(ပြန်/ဆက်)