လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အမှတ် (၂၁) အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ဟောပြောပွဲ၊ နံရံကပ်စာ‌စောင်ပြပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ

လှိုင်သာယာ နိုဝင်ဘာလ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ အမှတ်(၂၁) အခြေခံပညာအထက်တန်းကျောင်းခွဲတွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သည့် အနာဂတ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသောဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ဆု‌ပေးပွဲအခမ်းအနားကို ယမန်နေ့ နေ့လည် (၁.၀၀) နာရီက အမှတ် (၂၁) အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ပြုလုပ်သည်။

ရှေးဦးစွာ  လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အမှတ် (၂၁) အခြေခံပညာအထက်တန်းကျောင်းမှ‌ ကျောင်းအုပ်ဆရာမကြီး‌‌ ဒေါ်ခင်သက်လှိုင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ဇော်က  ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား  ရှင်းလင်းပြောကြားသည်။

အဆိုပါဟောပြောပွဲတွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် စာကြည့်တိုက်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆန်းမင်းသိုက်က ကျန်းမာခြင်းသည်လာဘ်တစ်ပါးခေါင်းစဉ်ဖြင့်လည်းကောင်း စာရေးဆရာ‌ ဦးမင်းချစ်ဦးဇော်က အချစ်နှင့်မေတ္တာခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးအသိပညာပေးဟောပြောကြသည်။

ဆက်လက်၍ အမှတ် (၂၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူ (၁၁) ဦးက ကျန်းမာခြင်းသည်လာဘ်တစ်ပါးခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို ယှဉ်ပြိုင်ကြသည်။

ထို့နောက် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိကြသော ကျောင်းသား /ကျောင်းသူများအား မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ကြသည်။

ဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် စာရေးဆရာများ၊ အမှတ် (၂၁) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ (၁၂၀)ဦး တက်ရောက်ကြပြီး မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသောအသိပညာ‌ပေး နံရံကပ်စာ‌စောင်များကို တက်‌ရောက်လာကြ‌‌သော ကျောင်းသား/သူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုကြသည်။

မြင့်ဇော်