မိုင်းယောင်း နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အမှတ်(၃)ရပ်ကွက် ဗလမင်းထင်လမ်းမကြီးတွင် ၂၄ နာရီ Hot-Line ဝန်ဆောင်မှု ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ကြောင်း သိရသည်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ စိုက်ထူပေးခဲ့သည်။
အဆိုပါ ဆိုင်းဘုတ်တွင် ပဋိပက္ခဖြစ်စဉ်အတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လက်နက်ကိုင်ပဋိပက္ခတွင် ကလေးသူငယ်များ အသေအကြေ ထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ အိမ်တွင်းအကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှု၊ ကျား/မအခြေပြုအကြမ်းဖက်မှု၊ ကလေးသူငယ်၊ မသန်စွမ်း၊ သက်ကြီးရွယ်အိုကိစ္စရပ်များနှင့်ပတ်သက်၍ အကူအညီတစ်စုံတစ်ရာ လိုအပ်ပါက တိုင်ကြားနိုင်ရေးအတွက် Hot-Line နံပါတ်များအား ပြည်သူများသိရရှိစေရန် စိုက်ထူခြင်းဖြစ်ပြီး ယင်းကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက တိုင်ကြားသူ၏ သတင်းအချက်အလက် မပေါက်ကြားစေရေးကို အထူးအလေးထား ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
နန်းစီဖေါင်း(ပြန်/ဆက်)