မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လူငယ်ရေးရာ နံရံကပ်စာစောင်ပြပွဲကျင်းပ

မက်မန်း နိုဝင်ဘာ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ကျောင်းသား၊ကျောင်းသူလူငယ်များ အသိပညာဗဟုသုတတိုးပွာရေး၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်ရေး၊ ဗလ(၅)တန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ရေးရာ နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ပြသခဲ့သည်။

အဆိုပါ နံရံကပ်စာစောင်တွင် ကျောင်းသားကျောင်းသူများ လေ့လာနိုင်ရေးအတွက် ဒေသတွင် ဖွံ့ဖြိုးတိုးတက်နေသော လမ်းများ၊ ဘုရားစေတီများ၊ အဆောက်အအုံများ၊ ကျန်းမာရေးဆိုင်ရာ ဆောင်းပါးများ၊ အားကစားဆိုင်ရာလှုပ်ရှားမှုများ၊ မွေးမြူရေးနှင့်ဆိုင်သော မှတ်တမ်းဓာတ်ပုံများ၊ စိုက်ပျိုးရေးနှင့်ဆိုင်သော မှတ်တမ်းဓာတ်ပုံများ၊ပြသခဲ့ရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင် စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

စောဥမ္မာ (ခရိုင်၊ပြန်/ဆက်)