ပင်းတယ နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ကျောက်စုကျေးရွာအုပ်စု ကိုးလုံးကျေးရွာတွင် စိုက်ပျိုးထားသည့် မိုးစပါးခင်းများအား နိုဝင်ဘာလ ဒုတိယပတ်မှစတင်၍ ရိတ်သိမ်းခြွေလှေ့ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ မိုးစပါးများရိတ်သိမ်းခြွေလှေ့ခြင်းလုပ်ငန်းကို (ဒေသအခေါ်လက်စားချို လက်စားဆပ်စနစ်)ဖြင့် အပြန်အလှန်ဝိုင်းဝန်းကူညီဆောင်ရွက်ကြပြီး၊ တစ်ဧကလျှင် တင်း(၄၀)ကျော် ဆန်စပါးများရရှိနေကြောင်းနှင့် ကျောက်စုကျေးရွာအုပ်စုတွင် မိုးစပါးစိုက်ဧက( ၁၀၀ )ကျော် စိုက်ပျိုးထားရှိကြောင်းသိရသည်။
အောင်ကိုဦး(ပြန်/ဆက်)