ပျဉ်းမနား နိုင်ဝင်ဘာ ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာအုပ်စု၊ ကူးတို့ဆိပ်ပရိယတ္တိစာသင်တိုက်၌ နေပြည်တော်ကောင်စီမှ ကြီးမှူးကျင်းပသည့် ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ ဆဋ္ဌမကြိမ်မြောက် အသံမစဲမဟာပဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲမင်္ဂလာ အခမ်းအနားအား ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆိုကာဖွင့်လှစ်ခဲ့ပြီးကူးတို့ဆိပ်ပရိယတ္တိစာသင်တိုက်၊ ဉီးစီးပဓာနနာယက ဘဒ္ဒန္တဝိလာသထံမှ ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ ရတနသုတ်၊ မေတ္တာသုတ်ပရိတ်တော်များနာယူခြင်း၊ ကြွရောက်လာသည့် သံဃာတော်များအား တာဝန်ရှိသူများက လှူဖွယ်ဝတ္တုပစ္စည်းများနှင့် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်မြတ်များ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် ကူးတို့ဆိပ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိလာသအရှင်သူမြတ်ထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ် ရွတ်ဆို ဆုတောင်းကာ ရုတ်သိမ်းခဲ့သည်။
အဆိုပါ ဆဋ္ဌမအကြိမ် အသံမစဲ မဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို နိုဝင်ဘာလ ၁၆ ရက်နေ့မှ ၁၈ရက်နေ့ထိ သုံးရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ပါကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ နေပြည်တော်သာသနာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဉီးသက်နိုင်ဝင်း၊ ပမနမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ထွေထွေအုပချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဉီးခွန်းခူ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း ၇၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)