တန့်ယန်းမြို့နယ် ကိုင်းကုန်း ပရိယတ္တိစာသင်တိုက်၏ ကထိန်အလှူတော်ပွဲ ကျင်းပ

တန့်ယန်း နိုဝင်ဘာ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့ အမှတ်(၁၀)ရပ်ကွက်ရှိ ကိုင်းကုန်းပရိယတ္တိစာသင်တိုက်ကြီး၏ ကထိန်လျာသင်္ကန်းနှင့် လှူဒါန်းဖွယ်ရာများ ဆက်ကပ်လှူဒါန်းသည့် ကထိန်အလှူတော် မင်္ဂလာပွဲကြီးကို နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး တောင်တန်း သာသနာပြု ဆရာတော် အဂ္ဂမဟာကမ္မာဌာနစရိယ ဘဒ္ဒန္တ သုခမိန္ဒ ထံမှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များက ငါးပါးသီလ ခံယူဆောက်တည်ကြ၍ ဆရာတော် သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်ကြသည်။

ယင်းနောက် ကိုင်းကုန်း ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကုသလနှင့် ဆရာတော်ကြီးများအား ကထိန်လျာသင်္ကန်း အလှူရှင် ဦးတင်ထွန်း+ ဒေါ်ဌေး မိသားစုနှင့် အလှူရှင်အသီးသီးတို့မှ ကထိန်သင်္ကန်းနှင့် လှူဒါန်းဖွယ်ရာများကို ဆက်ကပ်လှူဒါန်းကြ၍ ရေစက်သွန်းလောင်းအမျှပေးဝေခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)