အ.ထ.က ပိန်းနဲကုန်း ၌ သဘာဝဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေးအသိပညာပေး

ကျိုက်မရော နိုဝင်ဘာ ၁၆

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ အ.ထ.က ပိန်းနဲကုန်းကျောင်း၌ ကလေးသူငယ်များအား သဘာဝဘေးအန္တရာယ် တုံပြန်ဆောင်ရွက်ရေးအသိပညာပေးအခမ်းအနားကို ယမန်နေ့ နေ့လယ်  ၂ နာရီက အ.ထ.က ပိန်းနဲကုန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးတင်သောင်းဦးက သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက မီးသတ်တပ်ဖွဲဝင်များသာမက ပြည်သူလူထုနေရာ၌ လည်းလူကြီးတွေသာမကပဲ ​ကလေးလူငယ်များကပါ ပါဝင်ကူညီဆောင်ရွက်နိုင်စေရန် အသိပညာပေးခြင်းဖြစ်ကြောင်းနှင့် ယခုလိုပူးပေါင်းဆောင်ရွက်ပေးခြင်းဖြင့်  ရရှိနိုင်မည့် အကျိုးကျေးဇူး များအနေဖြင့် သဘာဝဘေးဖြစ်ပေါ်လာပါက မီးသတ်တပ်ဖွဲ့ဝင်၊ ပြည်သူလူထုနှင့်အတူ ကလေးသူငယ်များအနေဖြင့် ပါဝင်ဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကလေးသူငယ်များအနေဖြင့် တုံပြန်ဆောင်ရွက်နိုင်ရန် သရုပ်ပြခြင်း၊ ဂိမ်းကစားနည်း ၉ မျိုးအား သရုပ်ပြကစားပေးခြင်း၊ ကယ်ဆယ်ရေးဆိုင်ရာ ဆက်စပ်ပစ္စည်းများ အသုံးပြုပုံများကို လက်တွေ့သရုပ်ပြဆောင်ရွက်ပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက တက်ကြွစွာပါဝင်ဆောင်ရွက်​ကြပြီး သိရှိလိုသည်များကို မေးမြန်းကြရာ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)