ကော့မှူး နိုဝင်ဘာ ၁၆
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်နှင့် စာပေကချစ်တ်နိုးသူများအသင်းမှ Book Club အဖွဲ့ဝင် ဒေါ်တင်သန်းတို့က ကလေးအလုပ်သမားအဓိပ္ပာယ်နှင့် ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်တာဝန်များ၊ ကလေးအလုပ်သမား အဖြစ်အဆိုးဝါးဆုံးခိုင်းစေခြင်းတွင် ကလေးသူငယ်များအား ကျွန်ပြုခံရခြင်း၊ လူကုန်ကူးခံရခြင်း၊ စီးပွားရေးအရလိင်မှုဆိုင်ရာ အမြတ်ထုတ်ခံရခြင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရေးရောင်းဝယ်ရေး လုပ်ကိုင်စေခိုင်းခံရခြင်း၊ လက်နက်ကိုင်ပဋိပက္ခ သို့မဟုတ် တရားမဝင်လုပ်ငန်းများတွင် သုံးပြုခံရခြင်းများ ကလေးအလုပ်သမားဖြစ်ရခြင်း အကြောင်းအရာများ၊ ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အကာအကွယ်ရရှိရေးနှင့် ကလေးအလုပ်သမားနှင့် ပတ်သက်သော အကြောင်းအရာများအား အကျယ်တဝင့် ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အ.မ.က မြို့သစ်မှကျောင်းသား ကျောင်းသူ (၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်သူရ