ရမည်းသင်း နိုဝင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မြို့လုံးကျွတ်မဟာဘုံကထိန်ပွဲတော် ကျင်းပရေးကော်မတီက ကြီးမှူးကျင်းပသော ရမည်းသင်းမြို့နယ်လုံးကျွတ် (၈၉) ကြိမ်မြောက် မဟာဘုံကထိန်ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ရမည်းသင်းမြို့ ရန်အောင်မြင်ဘုရားမုခ်ဦးရှေ့၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့လုံးကျွတ် မဟာဘုံကထိန်ပွဲတော်ကျင်းပရေးကော်မတီ ဦးရှိန်ရေးသားသည့်ရတုကို ရမည်းသင်းမြို့၊ မြို့မတီးဝိုင်းအဖွဲ့မှတီးခတ်၍ တေးသံရှင်ဦးကျောက်ခဲမှ ရတုကိုရွတ်ဆိုပြီး မြို့လုံးကျွတ် မဟာဘုံကထိန်ဖြစ်မြောက်ရေးကော်မတီ နာယက အမှတ်(၃) စစ်အခြေခံလေ့ကျင့်ရေတပ်၊ တပ်နယ်မှူးဗိုလ်မှူးကြီးဇော်မြင့်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်ရွှေသိန်းနှင့် မြို့လုံးကျွတ်ဘုံကထိန်ပွဲတော် ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးစံတင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
အဆိုပါ မြို့နယ်လုံးကျွတ် မဟာဘုံကထိန်ပွဲတော်ကို နိုဝင်ဘာ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့ထိ ပျော်ပွဲရွှင်ပွဲများ၊ အတီးအမှုတ် အကအခုန်များဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများ၊ လူမှုရေးအသင်းအဖွဲများ၊ စေနာရှင်ပြည်သူများနှင့် အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ကျောင်းသူများမှ သတ်မှတ်နေ့ရက်အလိုက် မြို့တွင်းလှည်လည်ကာ ရန်အောင်မြင်သာသနဗိမ္မာန်ကြီးရှိ မဟာဘုံကထိန်ပွဲတော် ကျင်းပရေးကော်မတီထံအပ်နှံပြီး ရမည်းသင်းနယ်အတွင်းရှိ ပင့်သံဃာအပါး(၆၀)ကို ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ဝင်းအောင်