နွားထိုးကြီးမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

နွားထိုးကြီး နိုဝင်ဘာ  ၁၆

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိ ပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြို့ရှေ့အခြေခံပညာမူလတန်းကျောင်းတွင်  ကျင်းပခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နှင်းနုအေးက ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ရည်မှန်း ချက်ကိုယ်စီရှိရေး၊ ယဉ်ကျေးသိမ်မွေ့သော လူငယ်များ လူငယ်များဖြစ်လာစေရေး၊ နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးစေရေး၊ အချိန်ကိုစီမံခန့်ခွဲတက် သူများဖြစ်စေရေး၊ စာဖက်ခြင်းဖြင့် အသိပညာမြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးကာ လူငယ်တို့၏ အနာဂတ်ဘဝ ပိုမိုမြင့်မားလာရေး၊ အကျင့်စာရိတ္တ ကောင်းမွန်ပြီး လူပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ နေတက်သည့် လူငယ်များဖြစ်လာစေရေး စသည့်လူငယ်များ ဘက်စုံဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေး နွေးဟောပြောခဲ့သည်။

အဆိုပါ လူငယ်ရေးရာရာအသိပညာပေးဟောပြောပွဲသို့ တက်ရောလာသော ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြာ်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်ပြပွဲကို စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။

သန်းအောင်ဇော်