လားရှိုးမြို့ ရပ်ကွက် (၄) တွင် ယာယီနေရပ်စွန့်ခွာသူများအား စေတနာရှင် အလှူရှင်များက လိုအပ်သည်များလှူဒါန်း

လားရှိုး နိုဝင်ဘာ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မြို့နယ်အချို့တွင် တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ဒေသခံအချို့ မှာ  လားရှိုးမြို့တွင် ယာယီနေရပ်စွန့်ခွာ ခိုလှုံနေကြကြောင်း သိရသည်။

လားရှိုးမြို့ရှိ ယာယီနေရပ်စွန့်ခွာနေရာအသီးသီးတွင် ရောက်ရှိခိုလှုံနေကြသည့်သူများ များပြားလာသဖြင့် ယမန်နေ့တွင် လားရှိုးမြို့ ရပ်ကွက် (၄) ရှိ မဟာဗောဓါရုံကျောင်းတိုက်နှင့် ပန်အုပ်ပရိယတ္တိစာသင်တိုက်ကျောင်းတို့တွင်လည်း ယာယီနေရပ်စွန့်ခွာသူများ ခိုလှုံနိုင်ရန် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

အဆိုပါ ယာယီနေရပ်စွန့်ခွာနေရာများသို့ ရောက်ရှိခိုလှုံနေကြသူများအေား ဒေသခံ စေတနာရှင် အလှူရှင်များက ၎င်းတို့အတွက် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများ၊ အစားအသောက်များကို လှူဒါန်းပေးလျက်ရှိကြကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)