မြစ်သားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ စွန့်ပစ်အမှိုက်များ စနစ်တကျ ဖြစ်စေရေး ပလတ်စတစ် အမှိုက်ပုံးများ ထောက်ပံ့ပေးအပ်

မြစ်သား နိုဝင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကျောက်ဆည် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် ဆုချီးမြှင့်နိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းက စွန့်ပစ်အမှိုက်များ စနစ်တကျရှိစေရေး ပလတ်စတစ်အမှိုက်ပုံးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမော်မော်ကိုက အခြေခံပညာကျောင်းများ၌ ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး (Clean Green School) တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး အခြေခံစံနှုန်း (၄) ချက်နှင့် အညွှန်းကိန်း (၁၇) ချက်တို့နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက်   နေ့စဉ်စွန့်ပစ်အမှိုက်များကို ပလတ်စတစ်အိတ် သုံးစွဲမှု လျှော့ချရေးအတွက် ကျောင်းသား၊ ကျောင်းသူများ သိရှိနားလည်စေရန် အခြေခံပညာကျောင်းများ၌ ပြန်လည်တီထွင်အသုံးပြုနိုင်သော စွန့်ပစ်ပစ္စည်း ထည့်သွင်းစွန့်ပစ်ရန် ပလတ်စတစ်အမှိုက်ပုံး (၄)လုံးစီ ထောက်ပံ့ပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသီတာက လက်ခံရယူခဲ့ကြောင်း သိရသည်။

ဝင်းမင်းထွန်း(မြစ်သား)