ဗဟန်း နိုဝင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်တွင် ယာဥ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာနှင့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း (ရွှေနန်ယန်)ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဗဟန်းမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ ဒုရဲမှူးဇော်ဝင်းထွန်းက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအကြောင်း၊ ဆောင်ရွက်နေမှုများအကြောင်းကို အသိပညာပေးဟောပြောခဲ့သည်။ဆက်လက်၍ ဒုမြို့နယ်ဥပဒေအရာရှိ ဒေါ်အေးမြတ်နိုးဦးက ကလေးသူငယ်အခွင့်အရေးများ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဥပဒေအသိပညာပေး အကြောင်းအရာများကို အကျယ်တဝင့် ဟောပြောဆွေးနွေးခဲ့သည်။ ထို့နောက် ဗဟန်းမြို့နယ် ပြန်/ဆက်ဦးစီးမှုး ဒေါ်မေသန္တာက လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးခေါင်းစဥ်ဖြင့် လူငယ်များအသိဥာဏ်ပညာဗဟုသုတများ တိုးတက်စေရန်အတွက် အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသားကျောင်းသူများကို ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
ကြည်ဇေသော်