လူငယ်များဗလငါးတန်ဖွံ့ဖြိုးစေရန် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

 

သင်္ဃန်းကျွန်း နိုဝင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း) Community Centre ခန်းမ၌ လူငယ်များ၊ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေရန်နှင့် စာဖတ်စွမ်းရည်၊ စကားပြောစွမ်းရည်တိုးတက်လာစေရန် ရည်ရွယ်၍  ပုံပြင်ပြောပြိုင်ပွဲကို နိုဝင်ဘာ ၁၆ ရက်နေ့ နံနက် ၁၀နာရီက ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပါပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က လူငယ်များအား ယခုလိုပြိုင်ပွဲများ ကျင်းပပေးခြင်းအားဖြင့် လူငယ်များအနေဖြင့် လူအများရှေ့တွင်ပြောရဲဆိုရဲပြီး စာပေများလေ့လာဖတ်မှတ်တဲ့ အလေ့အကျင့်ကောင်းများဖြစ်‌ပေါ်စေကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ပုံပြင်ပြောပြိုင်ပွဲသို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၈ ဦးက ပါဝင်ယှဉ်ခဲ့ပြီး ပြိုင်ပွဲတွင်ဆုရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူ ၃ဦးအား ရန်ကုန်အရှေ့ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်နှင့် Book Club အဖွဲ့ဝင် စာရေးဆရာမမေမြတ်စန္ဒာတို့က အမှတ်တရဆုလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ထိုနောက် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ/ ရသစာအုပ်/ စာစောင်ပြပွဲနှင့်  အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးနှင့် အမျိုးသမီးများ အကြမ်းဖက်မှုကာကွယ်ရေး စသည့်လူငယ်များအား အသိပညာပေးသည့် နံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား‌၊‌ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)