ယာယီနေရပ်မှ စွန့်ခွာသူ ပြည်သူများအား စစ်ဗျူဟာအခြေချ(ကွန်ဟိန်း)မှ စားသောက်ဖွယ်ရာများပေးအပ်

ကွန်ဟိန်း နိုဝင်ဘာ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်တွင် ယမန်နေ့ ညနေ ၆ နာရီခန့်က ထပ်မံရောက်ရှိနေသော ယာယီနေရပ်မှ စွန့်ခွာသူ ပြည်သူများအား စစ်ဗျူဟာအခြေချ(ကွန်ဟိန်း)မှ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ နေရပ်မှစွန့်ခွာသူ ပြည်သူ (၁၄၆) ဦးအား  စားသောက်ဖွယ်ရာများ ပေးအပ်ရာတွင် စစ်ဗျူဟာအခြေချ(ကွန်ဟိန်း)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ထမင်းဘူး၊ မုန့်နှင့် ရေသန့်တို့အား ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)