ဇမ္ဗူသီရိ နိုဝင်ဘာ ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော မိန်းကလေးများအား ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ရွှေကြာပင်ရပ်ကွက် ကာကွယ်ဆေးထိုးစုရပ်တွင် ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး HPV ထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ် မကျော်သည့် ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများက စာရင်းရေးသွင်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ရာ ယနေ့အထိ ကျောင်းသူ (၁၆၉) ဦးအား ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
အလားတူ မြို့နယ်အတွင်းရှိ ကျေးလက်ကျန်းမာရေးဌာနစုရပ်များတွင်လည်း သတ်မှတ်ချက်ကိုက်ညီသည့် မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဟိန်းသူအောင် (ပြန်/ဆက်)