ကျိုင်းတုံ နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သို့ ယာယီနေရပ်စွန့်ခွာသူပြည်သူများ ယမန်နေ့ ညနေက ရောက်ရှိရာ ၎င်းတို့အား နေရပ်ဒေသအသီးသီးသို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ပို့ဆောင်ပေးနိုင်ရေး တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးကြောင်း သိရသည်။
အဆိုပါ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ယာယီနေရပ်စွန့်ခွာသူပြည်သူ (၁၀၄) ဦးသည် နိုဝင်ဘာ ၁၅ ရက်က ကျိုင်းတုံမြို့သို့ရောက်ရှိရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင် အလှူရှင်များက စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးပြီး နေရပ်ဒေသအသီးသီးသို့ အဆင်ပြေချောမွေ့စွာ ပို့ဆောင်နိုင်ရေး တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးသည်။
ထို့အပြင် ယာယီနေရပ်စွန့်ခွာသူပြည်သူများအား ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဖျာ၊ ခြုံစောင်နှင့် တစ်ကိုယ်ရေ သုံးပစ္စည်းများ ထောက်ပံ့ပေးကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)