ပေါင်မြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

ပေါင်    နိုဝင်ဘာ     ၁၅

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌‌ ‌ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ယနေ့နံနက် (၁၀)နာရီက  ပေါင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ချေးငွေများထုတ်ချေးပေးမှုနှင့်ပတ်သက်၍ ပေါင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မန်နေဂျာဦးယဥ်ဌေးက ချေးငွေထုတ်ယူသည့် တောင်သူများအား စည်းမျဉ်းစည်းကမ်းနှင့် လိုအပ်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်မန်နေဂျာနှင့်ဝန်ထမ်းများက ထုတ်ချေးပေးလျက်ရှိရာ ယနေ့ ကတွန်ကျေးရွာသို့  နွေစပါးစိုက်တောင်သူ (၁၆၂)ဦးအား တစ်ဧကလျှင် (၁၅၀၀၀ဝိ/-) နှုန်းဖြင့် နွေစပါးစိုက်ဧက (၁၃၆၂) ဧကအတွက် (၂၀၄၃) သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ချေးငွေထုတ်ယူမည့် ကျေးရွာပေါင်း (၂၃)ရွာရှိပြီး   တစ်ဧကလျှင် နွေစပါး (၁၅၀၀၀ဝိ/-)နှုန်းဖြင့် လည်းကောင်း၊ ပဲမျိုးစုံ၊ နေကြာ တစ်ဧကလျှင် (၁၀၀၀၀ဝိ/-)နှုန်းဖြင့် လည်းကောင်း‌ စိုက်ဧက (၉၆၀၀)အတွက် စုစုပေါင်းချေးငွေပမာဏ  သိန်းပေါင်း တစ်သောင်း‌လေးထောင် ထုတ်ချေးရန်လျာထားကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

 မြိုနယ်(ပြန်/ဆက်)