ဗိုလ်တထောင် နိုဝင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၁:၀၀ နာရီက စာပေဝါသနာရှင်များနှင့် စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားသည့် အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့ရာ ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်က ပညာတတ်ဖို့စာဖတ်ရမည် ဆောင်းပါးအကြောင်းအရာများကို လည်းကောင်း ဖတ်ကြားဆွေးနွေးခြင်း၊ ထို့နောက် မြို့နယ်စာပေဝါသနာရှင်စာပေချစ်သူများ ဗိုလ်တထောင်မြို့နယ် ဒုမြို့နယ်ပညာရေးမှူး ဦးနိုင်လင်းက တပည့်တွေအကြောင်း ဆောင်းပါးပါအကြောင်းအရာများကို လည်းကောင်း၊ ဗိုလ်တထောင်မြို့နယ်ဆရာမ ဒေါ်လဲ့လဲ့ခိုင်မှ ဆရာတိုက်ကျွေးသော အားဆေးစကား ဆောင်းပါးပါအကြောင်းအရာများကိုလည်းကောင်း ဆွေးနွေးခဲ့ကြပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် စာပေဝါသနာရှင်များက စာအုပ်ပါအကြောင်းအရာများ၊ ထင်မြင်ယူဆချက်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြပြီးနောက် ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များအား ကြည့်ရှု့လေ့လာခဲ့ကြကြောင်း သိရသည်။
ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များ စာဖတ်ရှိန်မြင့်မားလာပြီး အသိပညာဗဟုသုတကြွယ်ဝလာစေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲများ၊ လူငယ်စကားဝိုင်းများ၊ အသိပညာပေးဟောပြောပွဲများ၊ စာအုပ်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်ဝင်းကြည်