ရန်ကင်းမြို့နယ် အမှတ်(၂)အ‌ခြေခံပညာအထက်တန်းကျောင်းတွင် စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင် ပြပွဲ ကျင်းပ

ရန်ကင်း  နို၀င်ဘာ  ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်ရှိ အ.ထ.က(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားကျောင်းသူများအား စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို   ယနေ့နံနက်ပိုင်းမှစ၍ ခင်းကျင်းပြသလျက်ရှိသည်။

စာအုပ်ပြပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ရန်ကင်းမြို့နယ်ရုံးအတွက် လစဉ်ပေးပို့သည့် ပညာရပ်မျိုးစုံပါဝင်သော သုတရသစာအုပ်စာစောင်များကို ခင်းကျင်းပြသထားပြီး အသိပညာပေးနံရံကပ်စာစောင်တွင် လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာအသိပညာပေး ရုပ်ပုံကားချပ်များနှင့် မူးယစ်ဆေးသုံးစွဲမှုကြောင့် လူငယ်လူရွယ်များ လမ်းမှားရောက်ရပုံ၊ အရွယ်မရောက်‌သေးသော ကလေးသူငယ်များအား မတရားညှင်းပန်းနှိပ်စက်      ခိုင်း‌စေခြင်းမှ ရှောင်ကြဉ်ရန်၊  (၁၈)နှစ်မပြည့်သေးသော လူငယ်လူရွယ်များအား စစ်မှုထမ်းခြင်းခွင့်မပြု စသည်တို့ကို အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်ချက်ဖြင့် သာဓကများ၊ ဥပမာများ၊ ကိုယ်စားပြုပုံများပါ၀င်‌သော နံရံကပ်စာစောင်များ ခင်းကျင်းပြသထားရာ ကျောင်းသား/သူများက စိတ်ပါ၀င်စားစွာဖြင့် တခဲနက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။                    

ရဲမင်း(ပြန်ဆက်)