ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျေ့ာချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး (Kaeru Caravan) အခမ်းအနားကျင်းပ

ဒဂုံဆိပ်ကမ်း  နိုဝင်ဘာ  ၁၅

 ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျေ့ာချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး အသိပညာပေး (Kaeru Caravan) ဆောင်ရွက်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉  နာရီက  အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

 အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမြတ်သူရွှေက အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသားကျောင်းသူများကို ဒီကနေ့ လာရောက်ဟောပြောသရုပ်ပြမယ့် အစီအစဉ်ကတော့ ဂျပန်နိုင်ငံကနေ စတင်တီထွင်လိုက်သော သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံပြန်ဆောင်ရွက်ရေး အသိပညာပေး (ကေရူးကာရာဗန်) ဂိမ်းအစီအစဥ်ပဲဖြစ်ပါကြောင်း၊ မီးဘေးအန္တရာယ်အပြင် အခြားသော သဘာဝဘေးအန္တရာယ် အမျိုးမျိုးနဲ့ကြုံတွေ့လာသည့်အခါ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ ရောက်မလာခင်အချိန်တွင် မိမိကိုယ်ကိုသာမကမိမိတို့ပတ်ဝန်းကျင်မှာရှိတဲ့ ပစ္စည်းလေးတွေအသုံးပြုပြီး ဘယ်လိုတုံ့ပြန် ဆောင်ရွက်နိုင်မလဲဆိုတာကို သိရှိသွားမှာဖြစ်ကြောင်း၊  ဒီအစီအစဥ်မှာ ဂိမ်းပေါင်း (၉)မျိုးပါဝင်ပြီး ဂိမ်းတစ်ခုလျှင် ၅ မိနစ်ခန့် အချိန်ရှိပြီး ၅ မိနစ်အတွင်းတွင် တုန့်ပြန်ဆောင်ရွက်နိုင်ရန် အဖွဲ့လိုက် စည်းစည်းရုံးရုံး ထိထိရောက်ရောက် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ယခုအစီအစဉ်တွင် ပါဝင်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မသိရှိသေးသော သဘာဝဘေးအကြောင်းအရာများကို သိရှိသွားမှာဖြစ်ပြီး မိမိပတ်ဝန်းကျင်ကို ပြန်လည်ဖြန့်ဝေနိုင်ကြောင်း ပြောကြားခဲ့သည်။

 ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးညီညီထွန်းက သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက မီးသတ်တပ်ဖွဲ့ဝင်များသာမက လူကြီးတွေသာမကဘဲ ကလေးသူငယ်များကပါ ပါဝင်ကူညီ ဆောင်ရွက်နိုင်စေရန် အသိပညာပေးခြင်းဖြစ်ကြောင်းနှင့် ယခုလိုပူးပေါင်းဆောင်ရွက်ပေးခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများအနေနဲ့  သဘာဝဘေးဖြစ်ပေါ်လာပါက မီးသတ်တပ်ဖွဲ့ဝင်၊ ပြည်သူလူထုနှင့်အတူ ကလေးသူငယ်များအနေနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ အသိပညာပေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးညီညီထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက  မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများရှင်းလင်းပြသခြင်းနှင့် ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ် လျေ့ာချရေးနှင့် တုံ့ပြန်ဆောင်ရွက်နိုင်မှုများ ဆောင်ရွက်နိုင်ရန် သရုပ်ပြဆောင်ရွက်ခြင်း၊ ဂိမ်းကစားခြင်းအစီအစဉ်များနှင့် ကျောင်တပ်းကျောင်းသူများက သိရှိလိုသည်များမေးမြန်းခဲ့ရာ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။

အေးမဉ္ဇူ