ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

သင်္ဃန်းကျွန်း  နိုဝင်ဘာ  ၁၅

၂၀၂၃-၂၀၂၄ ခုနှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ ရန်ကုန်ဇုန်(ဇုန်-၂) အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက သုဝဏ္ဏပိုက်ကျော်ခြင်းအားကစားရုံ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပိုက်ကျော်ခြင်း ဗိုလ်လုပွဲအဖြစ် သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်အသင်းနှင့် ရန်ကင်းပညာရေးဒီဂရီကောလိပ်တို့က ယှဉ်ပြိုင်ကစားခဲ့ကြပြီး   ရန်ကင်းပညာ‌ရေးဒီဂရီကောလိပ် အသင်းက သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ် အသင်းအား ၂ ပွဲ ၁ ပွဲဖြင့် အနိုင်ရရှိခဲ့သည်။

ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကိုကျင်းပရာ ပွဲစဉ်တလျှောက် အကောင်းဆုံးအားကစား သမားဆုရ ရန်ကင်းပညာရေးဒီဂရီကောလိပ်အသင်းမှ မောင်စွမ်းထက်မင်းအား မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးစိုင်းအောင်ထွန်းလင်းက ဂုဏ်ပြုဆုငွေပေးအပ် ခဲ့ပြီး ပူးတွဲတတိယဆုရရှိခဲ့ကြသည့် မော်လမြိုင်ပညာရေးဒီဂရီကောလိပ်အသင်းနှင့် လှည်းကူး ပညာရေးဒီဂရီကောလိပ်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်၊ အသင်းလိုက်ဆုဖလားနှင့်အတူ ဂုဏ်ပြုဆုငွေများကို လှည်းကူးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်အေးအေးလွင်နှင့် သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာငြိမ်းသီအောင်တို့က အသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။

ဆက်လက်၍ ဒုတိယဆုရရှိသည့် သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်အသင်းအား  တစ်ဦးချင်းဆုတံဆိပ်၊ အသင်းလိုက်ဆုဖလားနှင့်အတူ ဂုဏ်ပြုဆုငွေများကို ရန်ကင်းပညာရေးဒီဂရီ ကောလိပ် ကျောင်းအုပ်ကြီး ဦးအောင်မြတ်စိုးက ပေးအပ်ချီးမြှင့်ခဲ့ပြီး ပထမဆုရရှိသည့် ရန်ကင်း ပညာရေးဒီဂရီကောလိပ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ တံခွန်စိုက်ဆုဖလားနှင့်အတူ ဂုဏ်ပြု ဆုငွေများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင်က ပေးအပ်ချီးမြှင့်ကာ အခမ်းအနားကို ပိတ်သိမ်းခဲ့သည်။

အဆိုပါ ပြိုင်ပွဲကို နိုင်ဝင်ဘာ ၁၀ ရက်နေ့မှ ၁၅ ရက်နေ့အထိ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ ရန်ကုန်ဇုန်(ဇုန်-၂)မှ အသင်း ၁၄ သင်းက ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)