မင်္ဂလာတောင်ညွန့် နိုဝင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ (BookClub) စာပေချစ်မြတ်နိုးသူများမှ စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသည့် “လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နေ့လယ် (၂:၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြတ်မြတ်အေးက စာဖတ်ခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြား ဆွေးနွေးပါသည်။ (Book Club) အဖွဲ့ဝင် စာပေဝါသနာရှင် ဒေါ်နီနီမြင့် က စာရေးဆရာဒေါက်တာ ခင်မောင်ညို ရေးသားသည့် လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်းစာအုပ်မှ လူငယ်တွေအတွက် အောင်မြင်ခြင်း၊ စူးစမ်းစိတ်၊ တာဝန်သိမှု၊ အလှအပ၊ လူမှုရေးအတွေးများနှင့် ဒဿနများကို သိရှိစေကြရန် လူငယ်များခွန်အားဖြစ်စေမည့် အကြောင်းအရာများအား အကျယ်တဝင့် ဆွေးနွေးခဲ့ပြီး Book Club အဖွဲ့ဝင် ဒေါ်သီတာမှ ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ် လူထုအခြေပြုဗဟိုဌာနမှ ပြည်သူများအသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် ဌာနဆိုင်ရာများ၊ Book Club စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းနှင့် အသိပညာပေးဆွေးနွေးပွဲများကို အပတ်စဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)