မှော်ဘီ နိုဝင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် အခြေခံပညာဉီးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက TOP & TOP STAR ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပသည်။
ရှေးဉီးစွာလူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးအေးသိန်းကအမှာစကားပြောကြားပြီး မှော်ဘီမြို့နယ် Book Club အဖွဲ့အတွင်းရေးမှူး စာရေးဆရာဝင်းနွယ်(ပုသိမ်)မှ သရက်သီးလေးများဖြစ်စေချင်ဟူသော ခေါင်းစဉ်ဖြင့်လည်းကောင်း စာရေးဆရာဆေးတန်သားမှကမ္ဘာပတ်စရာမလိုစာ ဖတ်ဖို့ပဲလိုပါတယ်ဟူသောခေါင်းစဉ်ဖြင့် သိကောင်းစရာများကိုအကျယ်တဝင့်ဆွေးနွေးကာ TOP&TOP STAR ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးခင်မောင်ဇင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
အဆိုပါလူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသောဆရာ၊ ဆရာမများနှင့်ကျောင်းသားကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲတို့ကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကောင်းမြတ်သူ(မှော်ဘီ)