လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် လူမှုဖူလုံရေးရုံးမှ အလုပ်ခွင်ပြင်ပထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူမိသားစု အကျိုးခံစားခွင့်များ ထုတ်ပေး

လှိုင်သာယာ(အရှေ့ပိုင်း)  နိုဝင်ဘာ  ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော ရွှေသံလွင်စက်မှုဇုန်ရှိ ဖူဟင်း(ရွှေခရု) အထည်ချုပ်စက်ရုံမှ အာမခံအလုပ်သမားများဖြစ်သည့် ဒေါ်နုနုထွေးနှင့် ဒေါ်မေသူဟန်တို့သည် အလုပ်ခွင်ပြင်ပတွင် ထိခိုက်ဒဏ်ရာဖြင့် သေဆုံးသွားသည့်အတွက် ကျန်ရစ်သူမိသားစုဝင်များအား ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဖူလုံရေးရုံး၌ ယနေ့နံနက် (၁၀)နာရီအချိန်က အကျိုးခံစားခွင့်များ  ထုတ်ပေးလျက်ရှိသည်။

အဆိုပါအာမခံအလုပ်သမား ဒေါ်နုနုထွေးနှင့် ဒေါ်မေသူဟန်တို့သည် (၁၈-၉-၂၀၂၃)ရက်နေ့တွင် စက်ရုံမှဖယ်ရီကားစီး၍ နေအိမ်သို့ပြန်ရာလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွား၍ သေဆုံးခဲ့သော  အာမခံ အလုပ်သမား ဒေါ်နုနုထွေး၏ ကျန်ရစ်သူ အကျိုးခံစားခွင့်ပြုငွေ ကျပ် ၄၄၂၈၀၀၀/- (လေးဆယ့်လေးသိန်းနှစ်သောင်းရှစ်ထောင်တိတိ)နှင့် ဒေါ်မေသူဟန်၏ အကျိုးခံစားခွင့်ပြုငွေ ကျပ် ၄၁၄၀၀၀၀/- (လေးဆယ့်တစ်သိန်းလေးသောင်းတိတိ) စုစုပေါင်း ကျပ် ၈၅၆၈၀၀၀/- (ရှစ်ဆယ့်ငါးသိန်းခြောက်သောင်းရှစ်ထောင်တိတိ)ကို အလုပ်ဌာနမှတာ၀န်ရှိသူများ၊ ရုံးခွဲတာဝန်ခံများ၊ အလုပ်သမားရေးရာညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များနှင့် စက်ရုံတာဝန်ရှိသူများ ရှေ့မှောက်တို့တွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ တာ၀န်ခံအရာရှိ ဦးသိန်းနွဲ့ဦးက ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ခင်၀င်းမူ(ပြန်/ဆက်)