သုံးခွမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းပြုလုပ်‌ပေး

သုံးခွ နိုဝင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှဦးစီးအရာရှိဦးမင်းသူ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် အခြေခံပညာကျောင်းများသို့ ပန်းခင်းစီမံချက်-၂ ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ရေပေါ်ကန်ကျေးရွာ အ.ထ.က(ခွဲ)ကျောင်း၌ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် လဝကမှူးဒေါ်တင်တင်ယု ဦးဆောင်သောအဖွဲ့က  ရေပေါ်ကန်ကျေးရွာ အ.ထ.က(ခွဲ)ကျောင်းရှိ အသက် ၁၀ နှစ်မှ ၁၀ နှစ်အထက် ကျောင်းသား/သူ(၁၈၁)ဦးအား လိုအပ်သောအချက်အလက် အထောက်အထားစိစစ်ပြီး ပန်းခင်းစီမံချက်-၂ဖြင့်၊ နိုင်ငံသား စိစစ်ရေးကတ်ပြားများ မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သုံးခွမြို့နယ်လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဦးစီးမှူးရုံးမှဝန်ထမ်းများက အဖွဲ့များခွဲ၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများပါမကျန် အခြေခံပညာကျောင်းများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆက်လက်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စည်သူလင်း ပြန်/ဆက်