အောင်မြေသာစံမြို့နယ်တွင် ကျောင်းပြင်ပ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးခြင်း ဆောင်ရွက်

မန္တလေး  နိုဝင်ဘာ ၁၅

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် အသက် ၉ နှစ်မှ အသက် ၁၂ နှစ်ရှိအမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ် ဆေးများ ထိုးနှံပးခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက ပြည်ကြီးရန်လုံရပ်ကွက်တွင် ဆောင်ရွက်ကြသည်။

ထိုသို့ သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေး ထိုးနှံကြရာတွင် အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ ၈၆လမ်း၊ ၁၁လမ်းထောင့်ရှိ ကြံခင်းဓမ္မာရုံတွင် သားဖွားဆရာမ ဒေါ်ခင်စောအေးနှင့် သူနာပြုဆရာမများက ကျောင်းပြင်ပ အသက် ၉ နှစ်မှ အသက် ၁၂ နှစ်ရှိ အမျိုး သမီးငယ် ၅၅ ဦးအားလည်းကောင်း၊ ၁၅×၁၆လမ်းကြား၊ ၈၇×၈၈ လမ်းကြားရှိ ရွှေနှင်းဆီဓမ္မာရုံတွင် သားဖွားဆရာမ ဒေါ်မေဇင်ကျော်နှင့် ကျန်းမာရေးဆရာမများက အသက် ၉ နှစ်မှ အသက် ၁၂ နှစ်ရှိ အမျိုးသမီးငယ် ၆၃ ဦးအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးများ အသီးသီး ထိုးနှံပေးကြသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမိုးသန်းဦးနှင့် ရာအိမ်မှူးများ၊ အကွက်တာဝနခံများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်မြေသာစံ၊ပြန်/ဆက်)