မြောက်ဥက္ကလာပမြို့နယ် (ဇ)ရပ်ကွက် အသွားအလာကန့်သတ်စောင့်ကြည့်နေရာသို့  တစ်နေ့တာ အာဟာရဒါနများအတွက် အလှူငွေများလှူဒါန်း

မြောက်ဥက္ကလာပ     အောက်တိုဘာ  ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် (ဇ)ရပ်ကွက် အ.မ.က(၁၂) ကျောင်းတွင် ဖွင့်လှစ်ထားသည့် အသွားအလာကန့်သတ်စောင့်ကြည့်နေရာသို့ ကိုဗစ်-၁၉ ရောဂါရှိသူများနှင့် ဆက်စပ်သူများ၊ Volunteer များ၏ တစ်နေ့တာ အာဟာရဒါနများအတွက် အလှူငွေများကို ယမန်နေ့ နံနက် ၁၀ နာရီ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် မြောက်ဥက္ကလာပမြို့နယ် (ဇ)ရပ်ကွက်တွင် နေထိုင်သူမှ ကွယ်လွန်သူ အဖိုးဦးလှထွန်း၊ အဖွားဒေါ်မြရီတို့အား ရည်စူး၍ မြေးမောင်ထက်အောင်လင်း မွေးနေ့ အလှူအဖြစ် နံနက်စာ၊ နေလယ်စာ၊ ညနေစာများကို Quarantine ဝင်ရောက်သူများ၊ Volunteer များအား ချက်ပြုတ်ကျွေးမွေးနိုင်ရန် အလှူငွေကျပ် (၃၅၀,၀၀၀)ကို လာရောက်လှူဒါန်းရာ စေတနာရှင် လူမှုဘဝစောင့်ရှောက်ရေးအသင်းနာယက ဦးစိုးတင့်က လက်ခံရယူခဲ့ပြီး အလှူရှင် အား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ 
အဆိုပါ ရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် Quarantine Center တွင် Quarantine ဝင်ရောက် နေသူများနှင့် Volunteer များအတွက် လိုအပ်ချက်များကို လှူဒါန်းလိုပါက (ဇ)ရပ်ကွက်၊ စေတနာရှင် လူမှုဘဝစောင့်ရှောက်ရေးအသင်း ဖုန်း- ၀၉ ၅၁၇၂၄၂၃သို့ ဆက်သွယ် လှူဒါန်း နိုင်ကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)