ဂွ နိုဝင်ဘာ ၁၅
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာများ စုပေါင်း၍ (၂၅)ကြိမ်မြောက် ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲတော် မင်္ဂလာအခမ်းအနား ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် (၈) နာရီအချိန်က သိမ်ကုန်းဘုရားဝန်းအတွင်းရှိ သာသနာ့ ဗိမ္မာန်တော်ကြီးအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဖတ်ပူဇော်၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကဉက္ကဋ္ဌ မြို့မကျောင်း သဓမ္မမေဒနီဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက် တည်ကြပြီး ဆရာတော်ကြီးက ကထိန်သင်္ကန်းလှူဒါန်းရခြင်း အကျိုးကျေးဇူးနှင့် ပတ်သက် ၍ သြဝါဒကထာမိန့်ကြားတော်မူသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က သာသနာရေးဆိုင်ရာကိစ္စများလျှောက်ထားခဲ့သည်။ ထို့နောက်က ထိန်ရသံဃာတော်များနှင့် ပင့်သံဃာတော်များအား ကထိန်သင်္ကန်းနှင့် ပဒေသာပင်များကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် ကထိန်ရသံဃာဖြစ်တော်မူသော မြို့ဦးကျောင်းဆရာတော်က ကထိန်အနုမောဒနာတရား ဟောကြားတော်မူခဲ့ပြီး လှူဒါန်းမှုအစုစုတို့ကို ရေစက်ချ အမျှအတမ်းပေးဝေကာ သံဃာတော်များအား ဆွမ်းဘောစဉ် အာဟာရများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်