ချမ်းမြသာစည်မြို့နယ် အ.ထ.ကခွဲ (၁၈) ကျောင်းတွင် အသိပညာ‌‌ပေးဟောပြောပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲကျင်းပ

ချမ်းမြသာစည် နိုဝင်ဘာ ၁၅

မန္တ‌လေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် ယနေ့နံနက် ၁၀ နာရီက အမှတ်(၁၈) အ.ထ.ကခွဲကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။    

ရှေးဦးစွာ မြို့နယ်ဦးစီးအရာရှိက လုပ်ငန်းစဉ်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်က "စာဖတ်ခြင်းအကျိုးကျေးဇူး" ခေါင်းစဥ်ဖြင့် အသိပညာပေးဟော‌ပြောခဲ့သည်။ ဆက်လက်၍ ကျောင်းသား/ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်‌ဆေးဝါးအန္တရာယ်၊ လူမှောင်ခိုကူးမှုအန္တရာယ် စသည့် အသိပညာပေးနံရံကပ်စာစောင်များကို  စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ချမ်းမြေ့(ပြန်/ဆက်)