ကလော နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၇) အခြေခံပညာ မူလတန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကလောမြို့နယ်၊ အမှတ် (၇) အခြေခံပညာမူလတန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးကြွယ်ကဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးအကြောင်းနှင့် စာအုပ်စာပေများ ဖတ်ရှု့ခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတများ တိုးပွားစေရေးအတွက် သုတ၊ ရသစာအုပ်များ ဖတ်ရှု့စေခဲ့ပြီး မှုးယစ်ဆေး ဝါးအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ရာ ကျောင်းသား၊ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှု့မှတ်သားခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)