လှိုင်မြို့နယ် စာ​ရေးဆရာအသင်းမှ လှိုင်မြို့နယ် ကိုဗစ်-၁၉​ကော်မတီသို့ အလှူ​ငွေများ လှူဒါန်း

လှိုင် ​အောက်တိုဘာ ၂၃

​ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် စာ​ရေးဆရာအသင်းမှ လှိုင်မြို့နယ်ကိုဗစ်-၁၉ကာကွယ်​ရေးနှင့် အ​ရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ယမန်နေ့နံနက် ၁၀:၃၀နာရီက လိုအပ်​သော​နေရာများတွင် ကျန်းမာ​ရေး လုပ်ငန်းများ ​ဆောင်ရွက်ရန်အတွက် သုံးစွဲနိုင်ပါရန် သွားရောက်လှူဒါန်းခဲ့ကြပါသည်။     

အဆိုပါ လှူဒါန်းမှူမှာ လှိုင်မြို့နယ်အတွင်း ​နေထိုင်​သော စာ​ရေးဆရာအသင်းဝင် (၆၅)ဦးအတွက် ပြန် ကြားရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ကာလအတွင်း ကူညီထောက်ပံ့ငွေ (၁၃၀၀၀၀)ကျပ် လက်ခံရရှိခဲ့ရာ လှိုင်မြို့နယ် စာရေးဆရာအသင်းဝင် အချို့က ၎င်းတို့ရရှိငွေများအား လှိုင်မြို့နယ် ကိုဗစ်-၁၉​ကော်မတီသို့ လှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။ ထိုကဲ့သို့ လှူဒါန်းရာတွင် လှိုင်မြို့နယ် စာ​ရေးဆရာအသင်း ကိုယ်စား အသင်းနာယက ဆရာ​မောင်နွဲ့​နှောင်း၊ အတွင်း​ရေးမှူးဆရာ အံ့ဘွယ်တို့က သွား​ရောက် လှူဒါန်းခဲ့ပြီး ကိုဗစ်-၁၉​ကော်မတီဥက္ကဋ္ဌ လှိုင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ဝင်းက လက်ခံရယူခဲ့​ကြောင်း သိရှိရပါသည်။

ကြည်​ဇေ​သော်(ပြန်/ဆက်)