မြောက်ဥက္ကလာပ အောက်တိုဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ် ရပ်ကွက် အ.ထ.က(ခွဲ) လ(၁၀)ကျောင်းတွင် ဖွင့်လှစ်ထားသည့် အသွားအလာကန့်သတ်စောင့်ကြည့် နေရာ သို့ ကိုဗစ်-၁၉ ရောဂါရှိသူများနှင့် ဆက်စပ်သူများ၊ Volunteer များအတွက် ညနေစာ ထမင်းဘူး များကို ယမန်နေ့ ညနေ ၄ နာရီက ဟိန္ဒူအဖွဲ့ချုပ်မှ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ဟိန္ဒူအဖွဲ့ချုပ်မှ အ.ထ.က(ခွဲ) လ(၁၀)ကျောင်း အသွားအလာကန့်သတ် စောင့်ကြည့်နေရာတွင် Quarantine ဝင်ရောက်နေသူများနှင့် Volunteer (၁၇၀)ဦးအတွက် သက်သတ်လွတ် ထမင်းဟင်း ညနေစာ ထမင်းဘူး (၁၇၀)ဘူးအား လှူဒါန်းရာ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လွင်နှင့် အဖွဲ့များက လက်ခံရယူခဲ့ပြီး အလှူရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရ သည်။
ရွှေပေါက်ကံမြို့သစ်ရပ်ကွက်တွင် Quarantine ဝင်ရောက်နေသူများနှင့် Volunteer များ အတွက် လိုအပ်ချက်များကို လှူဒါန်းလိုပါက ဆက်သွယ်ရန် ဖုန်း- ၀၉/၄၂၀၁၆၃၇၃၃သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)