တံတားဦး နိုဝင်ဘာ ၁၅
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် လယ်ယာမြေပိုင်ဆိုင်သည့် တောင်သူများအနေဖြင့် စပါး၊ ငရုပ်၊ ကြက်သွန်နီ၊ ပဲအမျိုးမျိုး ၊ ဆီထွက်သီးနှံ အမျိုးမျိုးများအပြင် နှစ်ရှည်သီးနှံ များဖြစ်သော သရက် ၊ ငှက်ပျော၊ ရာဘာ စသည့်တို့ကို စီးပွားဖြစ်စိုက်ပျိုးကြပြီး၊ လယ်ယာမြေပိုင်ဆိုင်မှု မရှိသည့် ပြည်သူများအနေဖြင့် စားဖိုဆောင်စရိတ် ကုန်ကျမှု သက်သာစေရန် မိမိတို့ နေအိမ်ခြံဝန်းအတွင်းရှိ မြေကွက်လပ်များတွင် ဟင်းသီးဟင်းရွက်၊ သီးပင်စားပင်များကို စိုက်ပျိုးခြင်းဖြင့် စားဖိုဆောင်စရိတ် သက်သာကြောင်း သိရသည်။
ရှေးယခင်ဆိုရိုးစကားအတိုင်း “အိမ်နောက်ဘေးဈေးဆိုင်တည်” ဆိုသည်နှင့်အညီ မိမိနေအိမ်ဝန်း ကျယ်ပြီး မြေလွတ်များရှိသည့်အတွက် ဘူး ၊ ရွှေဖရုံ ၊ ခဝဲ ၊ ရုံးပတီ ၊ ခရမ်း ၊ ဖရဲ စသည့် သီးနှံမျိုးစုံ စိုက်ပျိုးထားကြောင်း ကိုယ်တိုင်စိုက်ပျိုးပြီး သဘာဝမြေဩဇာများ ထည့်သွင်းအသုံးပြုထားသည့်အတွက် အော်ဂဲနစ်ကင်းလွတ်သည့်အတွက် ချက်ပြုတ်စား သောက်ရာတွင် ကျန်းမာရေးနှင့် ညီညွတ်၍ စားဖိုဆောင်စရိတ်များ သက်သာသည့်အပြင် ပိုလျှံသည့် ဟင်းသီးဟင်းရွက်များကိုလည်း ပြန်လည်ရောင်းချရသဖြင့် မိသားစု အပို ဝင်ငွေများ ရရှိကြောင်း ဟင်းသီးဟင်းရွက်များ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသည့် ရေကမိုးကျေးရွာမှ ဒေါ်ဝင်းရီထံမှ သိရသည်။
ရဲတင့်(ပြန်/ဆက်)