လဲချား နိုဝင်ဘာ ၁၅
အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီအချိန်က ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် အခြေခံပညာအထက်တန်း(နောင်မိန်း)ကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အခြေခံပညာအထက်တန်း(နောင်မိန်း) ကျောင်းအုပ်ဆရာကြီး ဦးချမ်းငြိမ်အောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ဉီးစီးအရာရှိ) ဒေါ်ခင်ချိုထွေးမှ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍လည်းကောင်း၊ ကျောင်းပညာရေးတွင်သာမက ဘက်စုံထူးချွန်သော ကျောင်းသား/သူများ ဖြစ်ထွန်းလာစေရန်အတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတ စာအုပ်၊ စာစောင်များကို ဖတ်ရှု့လေ့လာသင့်ကြောင်းကိုလည်းကောင်း၊ အသိပညာပေး ဟောပြောခဲ့ကာ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းစည်းကမ်း၊ သဘာဝဘေးအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များကို ပြသပေးခဲ့ကြောင်း သိရသည်။
လဲချား (မြို့နယ်ပြန်/ဆက်)