မိုင်းစံ နိုင်ဝင်ဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျာင်း၌ လူငယ်လူရွယ်များ အသိပညာဗဟုသုတ တိုးပွား၍ လူမှုအဆင့်အတန်း မြင့်မားလာစေရန် ရည်ရွယ်၍ စာအုပ်၊ စာစောင်ပြပွဲကို ယနေ့နံနက် (၁၀)နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ဥမ္မာထွးက စာအုပ်၊စာစောင်ပြပွဲ ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသည့် သုတ၊ရသ စာအုပ်၊ စာစာင်များအား စိတ်ဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြသည်။
မိုင်းစံ(ပြန်/ဆက်)