သံဖြူဇရပ်မြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်သင်တန်း ဖွင့်လှစ်ခြင်းနှင့် ခန့်အပ်လွှာပေးအပ်

သံဖြူဇရပ် အောက်တိုဘာ    ၂၃

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၌ ၂၀၂၀-ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ    အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး ၊ ဒုမဲရုံမှူးနှင့်  မဲရုံအဖွဲ့ဝင်သင်တန်းဖွင့်လှစ်ခြင်းနှင့် ခန့်အပ်လွှာပေးအပ်ခြင်း အခမ်းအနားကို   ယနေ့  နံနက်  (၉)    နာရီခန့်က သံဖြူဇရပ်မြို့     အထက  (၁) ကျောင်းပညာ့ ဗိမာန်ခန်းမ၌ ပြုလုပ်သည်။

အဆိုပါဖွင့်ပွဲတွင် မြို့နယ်ရွေးကောက်ပွဲ  ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ  ဒေါက်တာဝေအောင်က  အဖွင့် အမှာစကား ပြောကြားပြီး  မြို့နယ် ရွေး ကောက်ပွဲ  ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်     ဦးအေးဝင်းက မဲရုံမှူးနှင့် ဒုမဲရုံမှူးများအား   ခန့်အပ်လွှာပေးအပ်ရခြင်းနှင့် ပတ်သက်၍  ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ သင်တန်းပို့ချရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါက်တာဝေအောင်က ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး အကြောင်းအရာကို လည်းကောင်း၊ မြို့နယ်အဖွဲ့ဝင် ဦးချစ်ညွန့်က မဲရုံဖွင့်လှစ်ရန်  ကြိုတင်ပြင်ဆင်ခြင်းကိုလည်းကောင်း၊  အဖွဲ့ဝင်  ဦးအောင်သန်းညွန့် ကမဲပေးခြင်း လုပ်ငန်းအဆင့်ဆင့်၊ မသန်စွမ်းနှင့် ခက်ခဲသော  အခြေအနေများကိုလည်းကောင်း၊ အဖွဲ့ဝင်  ဦးအေးဝင်းက မဲရုံပိတ်သိမ်းခြင်း၊   မဲရေတွက်ခြင်းကိုလည်းကောင်း၊   မြို့နယ်အတွင်းရေးမှူး ဒေါ်ယဉ်ယဉ်ဝင်းက မဲရုံသရုပ်ပြခြင်းကိုလည်းကောင်း ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

သင်တန်းတွင်  သံဖြူဇရပ်မြို့နယ်အတွင်းရှိ  ကျေးရွာအုပ်စု (၄၁) အုပ်စုမှ မဲရုံပေါင်း (၇၄) ရုံတွင် မဲရုံမှူး၊  ဒုမဲရုံမှူး နှင့်   မဲရုံအဖွဲ့ဝင်   (၁၂၄)   ဦးတို့ကို ကျန်းမာရေးဝန်ကြီးဌာနက  သတ်မှတ်ထားသော ကိုဗစ် - ၁၉  အစီအမံနှင့်အညီအခန်း(၄)ခန်းခွဲ၍  အောက်တိုဘာ(၂၃)ရက်မှ (၂၄) ရက်ထိ (၂)  ရက်တာ သင်တန်း ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးသီ