ဟိုပန်မြို့၌ (HPV) သားအိမ်ခေါင်းကင်ဆာ ကွယ်ဆေးစတင်ထိုးနှံပေး

ဟိုပန်            အောက်တိုဘာ          ၂၃

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် သားအိမ်ခေါင်းကင်ဆာ ကြိုတင်ကာကွယ်ရေး အတွက် (HPV) သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေးကို ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံ ပေးလျက် ရှိကြောင်း သိရသည်။

ဟိုပန်မြို့ပေါ် (၁၀)ရပ်ကွက်ရှိ စာရင်းကောက်ယူရရှိသော အသက်(၉)နှစ်မှ(၁၀)နှစ်ထိ မိန်းကလေး (၅၄)ဦးကို ပြည်သူ့‌ဆေးရုံကြီးတွင် ထိုးနှံ ပေးသွားမည်ဖြစ်ပြီးပန်လုံမြို့နှင့် ဟိုပန်မြို့နယ်တွင်း ကျေးရွာအုပ်စုများရှိ အသက်(၉)နှစ်မှ(၁၀)နှစ်အထိ မိန်းကလေးငယ်များကို သက်ဆိုင်ရာ တိုက်နယ်ဆေးရုံ၊ ကျေးလက်ကျန်းမာရေး ဌာနခွဲမှ တာဝန်ကျ ဝန်ထမ်းများက သတ်မှတ်ရက်အလိုက် ကွင်းဆင်းထိုးနှံပေးသွားမည်ဖြစ်သည်။

အဆိုပါ (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို တစ်ကြိမ်နှင့်တစ်ကြိမ် (၁၂) လခြားပြီး (၂)ကြိမ် ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်