ခိုလမ် နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရန် မြို့အဝင်ဆိုင်းဘုတ်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းအချိန်တွင် ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ခိုလမ်မြို့၊ စည်ပင်သာယာရေးအဖွဲ့ မြို့နယ်ခွဲတာဝန်ခံ ဦးကျော်မင်းထွန်းနှင့် ဝန်ထမ်းများက မြို့အဝင်ဆိုင်းဘုတ် လမ်းမကြီးဘေး ဝဲ ၊ ယာတွင် မိုးတွင်းအခါ ပေါက်ရောက်လျက်ရှိသော ချုံနွယ်များ၊ မြက်များ ရှင်းလင်းခြင်းနှင့် အမှိုက်ကောက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ သန့်ရှင်းရေးလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နေလင်းထွန်း(ပြန်/ဆက်)