မိုင်းယောင်း နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ယနေ့နံနက် ၆ နာရီက တာဝန်ရှိသူများနှင့်အတူ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။
ယင်းသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်းငန်းမှ ဒီဇယ်မီးစက်များဖြင့် မိုင်းယောင်းမြို့အား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေ၊ ခွင့်ပြုပေးထားသည့် ဆီ၊ တစ်ရက်သုံးဆီ၊ တစ်လသုံးဆီ၊ တစ်နေ့ဖြန့်ဝေပေးမှု(Watt)တစ်ရက်မြေပြင် ရောက်ရှိသုံးစွဲမှု(Watt)၊ တစ်လသုံးစွဲမှု၊ ဖြန့်ဝေပေးမှုနှိုင်းယှဉ်ချက်များနှင့်စပ်လျဉ်း၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များတို့နှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထွန်းမြင့်လှိုင်(ပြန်/ဆက်)